Gastroenteritis Cholera
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု (၂၄-၈-၂၀၂၄)
အင်းစိန်မြို့နယ်၊ မြို့သစ် ၈ ရပ်ကွက် ACE သဲကွင်းမှ လူနာနေအိမ်သို့ control measure activities များဆောင်ရွက်ခဲ့ခြင်း။ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ကလိုရင်းခပ်ခြင်း၊ contact ဆေးတိုက်ခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခြင်း။ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ညောင်တန်းဆိပ်ကမ်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသော လူနာနေထိုင်ခဲ့သောစက်လှေနှင့် ပတ်ဝန်ကျင်ရှိလှေများအား ကလိုရင်းဆေးခပ်ခြင်း/ ဆေးဖြန်းခြင်း/ ရေသန့်ဆေးပြားများထည့်ပေးခြင်းနှင့် ဖြန့်ဝေခြင်း/ Doxycycline တိုက်ကျွေးခြင်း၊ Active case surveillance ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိအညာပေးခြင်း။ လှိုင်သာယာမြို့နယ်၊ ရေဘော် လမ်းဇုန်(၂)ရှိ လူနာ အလုပ်လုပ်သောစက်ရုံအား Chlorine ဆေးခပ်ခြင်း၊ Doxycycline ကာကွယ်ဆေးတိုက်ကျွေးခြင်း။ သာကေတမြို့နယ်၊ အမှတ်(၅၀၈) အနော်မာ ၁၂ လမ်း၊ (၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခြင်း။ တောင်ဥက္ကလာပမြို့နယ်…
-
-
-
-
-
-
-
ရန်ကုန်တိုင်ဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇွန်လအစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာများရှိခဲ့ပြီး ထိုသို့ဖြစ်ပွားခြင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ပုံမှန်အတိုင်း ဖြစ်ပွားမှုအနေဖြင့်သာရှိခဲ့ပါသည်။ ယခုနှစ်၊ ဇွန်လကုန်ပိုင်းလောက်မှ စတင်၍ သာကေတမြို့နယ် အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်မြို့နယ် အချို့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွား သည့် လူနာအချို့သည် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့် သေဆုံးသည့် လူနာမရှိပါ။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားပါသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA…