နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ (၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း၊ Theater ခန်းမ၌ ယနေ့မွန်းလွဲ (၁၂:၃၀)နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆီးချိုသွေးချို ရောဂါသည် အရွယ်မတိုင်မီသေဆုံးမှု(Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ(၁ဝ)ဦးလျှင် (၁)ဦးခန့်တွင် ဆီးချိုသွေးချို ဖြစ်ပွား နေကြောင်းနှင့် နောင်လာမည့် ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမှာဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)၏ အချက်အလက်များ အရသိရှိရကြောင်း၊ ဆီးချိုဝေဒနာရှင်များ၏ (၉၀)ရာခိုင်နှုန်းကျော်သည် အမျိုးအစား(၂) ဆီးချိုရောဂါကို ခံစားနေရပြီး ရောဂါရှိနေသူ တစ်ဝက်လောက်သည် ရောဂါရှိကြောင်းကို မသိကြ ကြောင်း၊ ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သည့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊…