News Slider
-
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု (၂၅-၈-၂၀၂၄)
စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက် အောင်သပြေလမ်းတွင် ကလိုရင်း ခပ်ခြင်း၊ contact ဆေးတိုက်ကျွေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း။ ကိုရင်လေး(၉)နှစ် GE လူနာ၏ လှိုင်သာယာမြို့နယ်၊ ကျွန်းကလေး ပရိယတ္တိစာသင်တိုက် မြင့်ရတနာလမ်းအတွင်းပဒံသို့ ကလိုရင်းဆေးခပ်ခြင်း။ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ဆ/က.၁၆/၂ ရပ်ကွက်များတွင် ဆောင်ရွက်ခြင်း။ ဒေါပုံမြို့နယ်၊ ၁၃-လမ်း ယမုံနာ ၁ ရပ်ကွက်တွင် ကလိုရင်းဆေးခပ်ခြင်း/ ဆေးဖြန်းခြင်း/ ရေသန့်ဆေးပြားများထည့်ပေးခြင်းနှင့် ဖြန့်ဝေခြင်း/ Doxycycline တိုက်ကျွေးခြင်း၊ Active case surveillance ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း။ လှိုင်မြို့နယ် အေးရိပ်မွန် (၁)လမ်း၊ အမှတ်(၄)ရပ်ကွက်သို့ကွင်းဆင်း၍ ရေကန်များအား ကလိုရင်ဆေးခတ်ခြင်း၊ သောက်ရေများအား ရေသန့်ဆေးပြားများခတ်ခြင်း၊ လူနာသစ်ရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း။ ကော့မှူးမြို့နယ် ငှက်အော်စမ်း RHC ကညင်ငူကျေးရွာရှိ ရေတွင်းရေကန်များအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍…
-
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)တို့တွင် Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်ခရီးသည်အဝင်လျှောက်လမ်း၌ Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်ခရီးသည် စက်လှေကားအဆင်း၌ Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပဆိုက်ရောက်ခရီးသည်များမှ ကျန်းမာရေးကြေညာချက် (Health Declaration Form) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်ခရီးသည် စက်လှေကားအဆင်း၌ ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Termal Screening) ဆောင်ရွက်နေစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက်(Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပဆိုက်ရောက်ခရီးသည်များ၌ အနီစက်နှင့်အရည်ကြည်ဖုရောဂါလက္ခဏာ ရှိ/မရှိ ကျန်းမာရေးတာဝန်ခံများမှ စစ်ဆေးနေစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှီးနွယ်ဌာနဆိုင်ရာများမှလည်း Mpox (မျောက်ကျောက်)ရောဂါကူးစက်မှုမှ ကာကွယ်ရေးအတွက် ရောဂါကာကွယ်ရေးနည်းလမ်းများအား လိုက်နာဆောင်ရွက်ထားရှိခြင်း။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာကြေညာချက် (Health Declaration…
-
-
-
-
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ္တလင်းမြို့ ပြည်သူ့ဆေးရုံ၏ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ္တလင်းမြို့ ပြည်သူ့ဆေးရုံ ၏ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တပ်မတော် အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်း ဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် မတ် ၂၅ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ အောင်သာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦတို့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပေးကာ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။…
-