News Slider
-
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း Samaritan’s Purse International Relief ဆေးအဖွဲ့အားဂုဏ်ပြုနှုတ်ဆက်ပွဲနှင့်အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မေလ ၇ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုူံးခဲ့ရပြီး ဆေးရုံ ဆေးခန်းပေါင်း (၃၅၀) ကျော်ပျက်စီးခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ဖိတ်ခေါ်ခဲ့ရာ နိုင်ငံပေါင်း (၁၇)…
-
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခြင်းကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများအတွက် အထွေထွေအသုံးပြုရန် (၅-၅-၂၀၂၅)ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခြင်းကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါအလှူငွေလက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြောင်း သိရသည်။
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့် ဆွေးနွေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဧပြီ ၃၀ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို ဆရာဝန်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှု ဆက်ဆံရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်း များတွင် (၃၀.၄.၂၀၂၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇဗ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိယာယီ တည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၅)စု၊ သုခသိဒ္ဓိယာယီ တည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၀)စု၊ ဝဏ္ဏသိဒ္ဓိယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၂၉)စု၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု(၁၅)စု၊ ရန်အောင်မြင်ရွှေလက်လှ ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၁၅)စုနှင့်…
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန State level EPI Annual Review Meeting 2024 & Microplan 2025 အစည်းအဝေးဖွင့်ပွဲအခမ်းအနား (၁၆-၃-၂၀၂၅)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) (၁၆-၃-၂၀၂၅) ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် (၁၆-၃-၂၀၂၅) ရက်၌ State level EPI Annual Review Meeting 2024 အစည်းအဝေးဖွင့်ပွဲအခမ်းအနားအားကျင်းပ ဆောင်ရွက်ခဲ့ရာ ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ခရိုင်/မြိုနယ်များမှ ခရိုင်မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် EPI focal person များ တက်ရောက်ခဲ့ ကြပြီး (၁၆-၃-၂၀၂၅)ရက်နေ့တွင် Annual Review Meeting(EPI evaluation)နှင့် (၁၇-၃-၂၀၂၅) ရက်နေ့တွင် Microplan 2025 ရေးဆွဲခြင်းအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
-
အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် (၁၆-၃-၂၀၂၅)
နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်များအကြောင်း သတိပြုနိုင်ပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။
-
ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန State level EPI Annual Review Meeting 2024 & Microplan 2025 အစည်းအဝေးဖွင့်ပွဲအခမ်းအနား (၁၄-၃-၂၀၂၅)
ကယားပြည်နယ် (၁၄-၃-၂၀၂၅) ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် (၁၄-၃-၂၀၂၅) ရက်တွင် State level EPI annual evaluation meeting 2024 အစည်းအဝေးဖွင့်ပွဲအခမ်းအနားအားကျင်းပ ဆောင်ရွက်ခဲ့ရာ ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် မြိုနယ်ပြည်သူ့ကျန်းမာမှ focal person များ တက်ရောက်ခဲ့ ကြပြီး (၁၄-၃-၂၀၂၅)ရက်နေ့တွင် Annual evaluation ၂၀၂၄ အားဆောင်ရွက်ပြီး (၁၅-၃-၂၀၂၅) ရက်နေ့တွင် Microplan ၂၀၂၅ ရေးဆွဲခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။
-
“မရှိ၍ မလင်းသူမရှိစေရ” ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်း ကုသမှုပေးခြင်း (၁၂-၃-၂၀၂၅)
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲတို ပူးပေါင်းဆောင်ရွက်သည့် မရှိ၍မလင်းသူ မရှိစေရ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်းရှာဖွေ ဖော်ထုတ်၍ ကုသမှုပေးခဲ့ရာ (၅-၃-၂၀၂၅)ရက်အထိ မျက်စိစမ်းသပ်စစ်ဆေးမှုပေးခဲ့သူ စုစုပေါင်း (၄၉၉၁)ဦး၊ မျက်မှန် အခမဲ့တပ်ဆင်ပေးခဲ့သူ (၁၈၈၆ )ဦးနှင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ် ဆေးရုံကြီး ၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန် အရှေ့ပိူင်းဆေးရုံကြီးတိုတွင် မျက်စိ ခွဲစိတ်ကုသမှုပေးခဲ့သူ လူနာစုစုပေါင်း (၇၃၆) ဦး တိုအား ရှာဖွေဖော်ထုတ် ကုသမှုပေး နိုင်ခဲ့ပါသည်။
-
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလီကျေးရွာ မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးစဉ် (၁၂-၃-၂၀၂၅)
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြိုနယ်၌ (၁၂-၃-၂၀၂၅) ရက်နေ့တွင် မုန်းဇလီကျေးရွာ မီးလောင်မှု ဖြစ်စဉ်တွင် ပါဝင်သည့် မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ RRT Team (၁)ဖွဲနှင့် ဥယျဉ်ကျစ်ကျေးလက်ကျန်းမာရေးဌာနမှ RRT Team (၃)ဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါသည်။
-
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၀-၃-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီ
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၀-၃-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီ
-
“(၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်
နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ (၂၀၂၄)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း၊ Theater ခန်းမ၌ ယနေ့မွန်းလွဲ (၁၂:၃၀)နာရီတွင် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆီးချိုသွေးချို ရောဂါသည် အရွယ်မတိုင်မီသေဆုံးမှု(Premature Death)ကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ(၁ဝ)ဦးလျှင် (၁)ဦးခန့်တွင် ဆီးချိုသွေးချို ဖြစ်ပွား နေကြောင်းနှင့် နောင်လာမည့် ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမှာဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)၏ အချက်အလက်များ အရသိရှိရကြောင်း၊ ဆီးချိုဝေဒနာရှင်များ၏ (၉၀)ရာခိုင်နှုန်းကျော်သည် အမျိုးအစား(၂) ဆီးချိုရောဂါကို ခံစားနေရပြီး ရောဂါရှိနေသူ တစ်ဝက်လောက်သည် ရောဂါရှိကြောင်းကို မသိကြ ကြောင်း၊ ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သည့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊…