Earthquake

  • ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း Samaritan’s Purse International Relief ဆေးအဖွဲ့အားဂုဏ်ပြုနှုတ်ဆက်ပွဲနှင့်အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း Samaritan’s Purse International Relief ဆေးအဖွဲ့အားဂုဏ်ပြုနှုတ်ဆက်ပွဲနှင့်အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

    နေပြည်တော်၊ မေလ ၇ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့အား  ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုူံးခဲ့ရပြီး ဆေးရုံ ဆေးခန်းပေါင်း (၃၅၀) ကျော်ပျက်စီးခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ဖိတ်ခေါ်ခဲ့ရာ နိုင်ငံပေါင်း (၁၇)…

  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်  စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ  ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခြင်းကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခြင်းကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများအတွက် အထွေထွေအသုံးပြုရန်  (၅-၅-၂၀၂၅)ရက်နေ့တွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ  ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခြင်းကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါအလှူငွေလက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြောင်း သိရသည်။  

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့် ဆွေးနွေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့် ဆွေးနွေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ

    နေပြည်တော် ဧပြီ ၃၀  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို ဆရာဝန်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှု ဆက်ဆံရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်း များတွင် (၃၀.၄.၂၀၂၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။  ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဇဗ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိယာယီ တည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၅)စု၊ သုခသိဒ္ဓိယာယီ တည်းခိုရေးစခန်း၌ အိမ်ထောင်စု (၃၀)စု၊ ဝဏ္ဏသိဒ္ဓိယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၂၉)စု၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု(၁၅)စု၊ ရန်အောင်မြင်ရွှေလက်လှ ယာယီတည်းခိုရေးစခန်း၌ အိမ်ထောင်စု (၁၅)စုနှင့်…

  • ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အားလက်ခံတွေ့ဆုံ

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အားလက်ခံတွေ့ဆုံ

    နေပြည်တော်၊ ဧပြီလ ၂၉ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernando အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများ၊ လူနာများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင်ငလျင်ဘေးဒဏ်သင့်သူများဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုများရပ်ဆိုင်းမသွားအောင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများ၊ ငလျင်ဘေးဒဏ်ကြောင့်နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများမှ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့်လူနာများအတွက် ခြေတုလက်တုထုတ်လုပ်တပ်ဆင်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာနှင့် စက်ကိရိယာပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများစိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ငလျင်လှုပ်ပြီးနောက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုနေမှုနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ငလျင်ဘေးဒဏ်သင့်ဒေသများတွင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်မည့်ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။