![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
နေပြည်တော်၊ မေလ ၁၆ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့်အဖွဲ့အား (၁၆-၅-၂၀၂၅)ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးတွင် ICRC မှ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေးကာလတွင် ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံနှင့် ICRC တို့အကြားပူးပေါင်းဆောင်ရွက်မည့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြ ပါသည်။ |