ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ သံသယလူနာ မတွေ့ရှိ

        ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျန်းမာရေးဝန်ထမ်းများက ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးကြေငြာချက် (Health Declaration Form) အား စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိးဆော်ခြင်း စသည့် Mpox ( မျောက်ကျောက်)ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး၊ ဩဂုတ်လ ၂၁ ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူ ၉,၄၅၀ ကို စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ ယနေ့အထိ သံသယလူနာ မတွေ့ရှိသေးကြောင်း သိရှိရပါသည်။