News
-
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ မေလ ၁၆ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့်အဖွဲ့အား (၁၆-၅-၂၀၂၅)ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးတွင် ICRC မှ ကျန်းမာ ရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေးကာလတွင် ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံနှင့် ICRC တို့အကြားပူးပေါင်းဆောင်ရွက်မည့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ…
-
မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ မေလ (၁၃) ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် (၁၃-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ Semi-virtual စနစ်ဖြင့် ကျင်းပခဲ့သည့် “မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လူ့စွမ်းအားအရင်း အမြစ်များအပါအဝင် အရင်းအမြစ်များကို စနစ်တကျထိရောက်စွာအသုံးပြုခဲ့ပြီး တပ်မတော်ဆေးတပ်ဖွဲ့များ၊ နိုင်ငံတကာအရေးပေါ် ဆေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ လာရောက်ကုသမှုခံယူသည့် လူနာများတွင်…
-