Public Health

  • ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိခြင်းကြောင့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် (၁၇-၃-၂၀၂၅)

    ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိခြင်းကြောင့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် (၁၇-၃-၂၀၂၅)

    အပူဒဏ်ကာကွယ်ရေး (၁၇-၃-၂၀၂၅) ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို လိုက်နာနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။                                                            

  • ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန State level EPI Annual Review Meeting 2024 & Microplan 2025 အစည်းအဝေးဖွင့်ပွဲအခမ်းအနား (၁၆-၃-၂၀၂၅)

    ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန State level EPI Annual Review Meeting 2024 & Microplan 2025 အစည်းအဝေးဖွင့်ပွဲအခမ်းအနား (၁၆-၃-၂၀၂၅)

    ရှမ်းပြည်နယ်(အရှေ့ပိုင်း) (၁၆-၃-၂၀၂၅) ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် (၁၆-၃-၂၀၂၅) ရက်၌ State level EPI Annual Review Meeting 2024 အစည်းအဝေးဖွင့်ပွဲအခမ်းအနားအားကျင်းပ ဆောင်ရွက်ခဲ့ရာ ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ခရိုင်/မြိုနယ်များမှ ခရိုင်မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် EPI focal person များ တက်ရောက်ခဲ့ ကြပြီး (၁၆-၃-၂၀၂၅)ရက်နေ့တွင် Annual Review Meeting(EPI evaluation)နှင့် (၁၇-၃-၂၀၂၅) ရက်နေ့တွင် Microplan 2025 ရေးဆွဲခြင်းအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

  • အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် (၁၆-၃-၂၀၂၅)

    အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် (၁၆-၃-၂၀၂၅)

                                                                    နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်များအကြောင်း သတိပြုနိုင်ပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။

  • ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန State level EPI Annual Review Meeting 2024 & Microplan 2025 အစည်းအဝေးဖွင့်ပွဲအခမ်းအနား (၁၄-၃-၂၀၂၅)

    ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန State level EPI Annual Review Meeting 2024 & Microplan 2025 အစည်းအဝေးဖွင့်ပွဲအခမ်းအနား (၁၄-၃-၂၀၂၅)

    ကယားပြည်နယ် (၁၄-၃-၂၀၂၅) ကယားပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် (၁၄-၃-၂၀၂၅) ရက်တွင် State level EPI annual evaluation meeting 2024 အစည်းအဝေးဖွင့်ပွဲအခမ်းအနားအားကျင်းပ ဆောင်ရွက်ခဲ့ရာ ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် မြိုနယ်ပြည်သူ့ကျန်းမာမှ focal person များ တက်ရောက်ခဲ့ ကြပြီး (၁၄-၃-၂၀၂၅)ရက်နေ့တွင် Annual evaluation ၂၀၂၄ အားဆောင်ရွက်ပြီး (၁၅-၃-၂၀၂၅) ရက်နေ့တွင် Microplan ၂၀၂၅ ရေးဆွဲခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။

  • “မရှိ၍ မလင်းသူမရှိစေရ” ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်း ကုသမှုပေးခြင်း (၁၂-၃-၂၀၂၅)

    “မရှိ၍ မလင်းသူမရှိစေရ” ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်း ကုသမှုပေးခြင်း (၁၂-၃-၂၀၂၅)

    ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး  မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲတို ပူးပေါင်းဆောင်ရွက်သည့် မရှိ၍မလင်းသူ မရှိစေရ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်းရှာဖွေ ဖော်ထုတ်၍ ကုသမှုပေးခဲ့ရာ (၅-၃-၂၀၂၅)ရက်အထိ  မျက်စိစမ်းသပ်စစ်ဆေးမှုပေးခဲ့သူ စုစုပေါင်း (၄၉၉၁)ဦး၊ မျက်မှန် အခမဲ့တပ်ဆင်ပေးခဲ့သူ (၁၈၈၆ )ဦးနှင့်  လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ် ဆေးရုံကြီး ၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန် အရှေ့ပိူင်းဆေးရုံကြီးတိုတွင် မျက်စိ ခွဲစိတ်ကုသမှုပေးခဲ့သူ လူနာစုစုပေါင်း (၇၃၆) ဦး တိုအား ရှာဖွေဖော်ထုတ် ကုသမှုပေး နိုင်ခဲ့ပါသည်။

  • မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလီကျေးရွာ မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးစဉ် (၁၂-၃-၂၀၂၅)

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလီကျေးရွာ မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးစဉ် (၁၂-၃-၂၀၂၅)

      မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြိုနယ်၌ (၁၂-၃-၂၀၂၅) ရက်နေ့တွင် မုန်းဇလီကျေးရွာ မီးလောင်မှု ဖြစ်စဉ်တွင် ပါဝင်သည့်  မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ RRT Team (၁)ဖွဲနှင့် ဥယျဉ်ကျစ်ကျေးလက်ကျန်းမာရေးဌာနမှ RRT Team (၃)ဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါသည်။

  • အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် (၁၂-၃-၂၀၂၅)

    အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် (၁၂-၃-၂၀၂၅)

      နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်များအကြောင်း သတိပြုနိုင်ပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။

  • ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်စိ စစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

    ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်စိ စစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

            ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှု နှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ်  စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား ၅ မျိုးဖြင့်လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download  ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။              

  • (၂၀၂၃) ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပခြင်း (၁၂-၁၁-၂၀၂၄)

    (၂၀၂၃) ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပခြင်း (၁၂-၁၁-၂၀၂၄)

     နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် (၂၀၂၃)ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြန်လည်ဆန်းစစ်ရန်အတွက် ဗဟိုအဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို (၁၂-၁၁-၂၀၂၄)ရက်မှ (၁၄-၁၁-၂၀၂၄) ရက်အထိ ဆောင်ရွက်မည်ဖြစ်ရာ ယနေ့ (၁၂-၁၁-၂၀၂၄)ရက်၊ နံနက်(၉:၀၀)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမတွင် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ရသဖြင့် ဆက်ဆံရေးကောင်းမွန်စေရေး၊ ဆေးရုံတိုင်းတွင် ဆရာဝန်များ ထားရှိနိုင်ရေးနှင့် ဆေးရုံ၊ ဆေးခန်းများအနေဖြင့် သန့်ရှင်းသပ်ရပ်စေရေး စသည့်လမ်းညွှန်ချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများအားလည်း ပြည်သူလူထု၊ လူနာနှင့်ဆက်ဆံရေးပြေပြစ် ကောင်းမွန်စေရေးအတွက် ပြည်သူလူထုနှင့်ဆက်ဆံရေးသင်တန်းများ ပို့ချပေးမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနတို့ ဟန်ချက်ညီညီပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး အားကြိုးမာန်တက်…

  • ရေကြီးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် (၁၉-၉-၂၀၂၄)

    ရေကြီးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် (၁၉-၉-၂၀၂၄)

    နေပြည်တော် စက်တင်ဘာလ ၂၂ ရက်      အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နှီးနွယ်ဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး (Oral Cholera Vaccine) တိုက်ကျွေးခြင်းလုပ်ငန်းသည် အခြားရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အတူ ထိရောက်သော ရောဂါ ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းတစ်ရပ် ဖြစ်ပါသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတဆင့် International Coordinating Group ထံအဆိုပြုလွှာတင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာ (၄) သန်းကျော်တန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine) (၂,၄၅၁,၈၆၇) doses အား (၁၉-၉-၂၀၂၄) ရက်နေ့တွင် လက်ခံ ရရှိပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ…