မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မုန်းဇလီကျေးရွာ မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးစဉ် (၁၂-၃-၂၀၂၅)

 

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြိုနယ်၌ (၁၂-၃-၂၀၂၅) ရက်နေ့တွင် မုန်းဇလီကျေးရွာ မီးလောင်မှု ဖြစ်စဉ်တွင် ပါဝင်သည့်  မီးဘေးသင့်ပြည်သူများအား ပွင့်ဖြူမြိုနယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ RRT Team (၁)ဖွဲနှင့် ဥယျဉ်ကျစ်ကျေးလက်ကျန်းမာရေးဌာနမှ RRT Team (၃)ဖွဲ့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါသည်။