“မရှိ၍ မလင်းသူမရှိစေရ” ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်း ကုသမှုပေးခြင်း (၁၂-၃-၂၀၂၅)

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး  မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲတို ပူးပေါင်းဆောင်ရွက်သည့် မရှိ၍မလင်းသူ မရှိစေရ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာခံစားနေရသူများအား ကွင်းဆင်းရှာဖွေ ဖော်ထုတ်၍ ကုသမှုပေးခဲ့ရာ (၅-၃-၂၀၂၅)ရက်အထိ  မျက်စိစမ်းသပ်စစ်ဆေးမှုပေးခဲ့သူ စုစုပေါင်း (၄၉၉၁)ဦး၊ မျက်မှန် အခမဲ့တပ်ဆင်ပေးခဲ့သူ (၁၈၈၆ )ဦးနှင့်  လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ် ဆေးရုံကြီး ၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန် အရှေ့ပိူင်းဆေးရုံကြီးတိုတွင် မျက်စိ ခွဲစိတ်ကုသမှုပေးခဲ့သူ လူနာစုစုပေါင်း (၇၃၆) ဦး တိုအား ရှာဖွေဖော်ထုတ် ကုသမှုပေး နိုင်ခဲ့ပါသည်။