Dph Admin3
-
-
-
-
မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်
နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ မေလ (၁၃) ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် (၁၃-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ Semi-virtual စနစ်ဖြင့် ကျင်းပခဲ့သည့် “မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လူ့စွမ်းအားအရင်း အမြစ်များအပါအဝင် အရင်းအမြစ်များကို စနစ်တကျထိရောက်စွာအသုံးပြုခဲ့ပြီး တပ်မတော်ဆေးတပ်ဖွဲ့များ၊ နိုင်ငံတကာအရေးပေါ် ဆေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ လာရောက်ကုသမှုခံယူသည့် လူနာများတွင်…
-
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ ဧပြီလ ၂၉ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernando အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများ၊ လူနာများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင်ငလျင်ဘေးဒဏ်သင့်သူများဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုများရပ်ဆိုင်းမသွားအောင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများ၊ ငလျင်ဘေးဒဏ်ကြောင့်နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများမှ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည့်လူနာများအတွက် ခြေတုလက်တုထုတ်လုပ်တပ်ဆင်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာနှင့် စက်ကိရိယာပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများစိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ငလျင်လှုပ်ပြီးနောက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုနေမှုနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ငလျင်ဘေးဒဏ်သင့်ဒေသများတွင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်မည့်ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။